စစ်မှန်ထိရောက်သော စာသင်နည်းများထဲမှ … တခု ... ( Professor JK~* )
“လင်းလက်ကြယ်လေးများ” စာသင်ကျောင်း တွင်
တက်ရောက်လျှက် ရှိကြသော …
ကျောင်းသူလေး … ပန်းခရေဖြူမှာ …
စာသင်ခံရခြင်းကို …. အလွန်ကြောက်သောသူ ဖြစ်၏ …
သို့သော် … ဒီနေ့မှာ …
စာမေးပွဲနီးနေပီ ဖြစ်သောကြောင့် …
“လင်းလက်ကြယ်လေးများ” စာသင်ကျောင်းကို ဦးစီးသော …
Professor JK~* ထံသို့ … မဖြစ်မနေ …
စာသင်ရန် … သွားရတော့မည် ဖြစ်သည် …
Prof: JK - သမီး … ဘာဖြစ်နေတုန်း … မျက်နှာ မသာမယာနဲ့ …
ခရေဖြူ - ဘာမှမဖြစ်ပါဘူး … ပရော်ဖက်ဆာ … စာသင်ချင်စိတ်ံမရှိလို့ပါ …
Prof: JK - အယ် … ဘာလို့ စာမသင်ချင်တာတုန်း …
ခရေဖြူ - ပျင်းလို့ … ကြက်တူရွေးလို စာလိုက်အံ့နေရတာ မုန်းရယ် …
Prof: JK - ကဲပါ … စာမသင်ဘူး … စာမသင်ဘူးနော် … ဒါဆို …
ခရေဖြူ - ရှင် … တကယ်လား …
Prof: JK - တကယ်ပေါ့ … ကတိပေးတယ် … စကားစမြည်ပဲ ပြောကြတာပေါ့ …
ခရေဖြူ - ကောင်းပါ့မလား … ပရော်ဖက်ဆာကလဲ …
Prof: JK - ကောင်းပါတယ် … စာမသင်ချင်တဲ့ သူကို စာသင်လို့ ဘယ်ကောင်းပါ့မလဲ …
ခရေဖြူ - ဟုတ် …
Prof: JK - သမီးက အလုပ်လုပ်နေပီလား …
ခရေဖြူ - ဟုတ်ကဲ့ရှင့် … လုပ်နေပါပီ … အလုပ်လုပ်ရင်း … ဘွဲ့လွန်ကို တက်နေရတာပါ …
Prof: JK - အော် … ဟုတ်လား … အလုပ်မှာ အဆင်ပြေရဲ့လား…
ခရေဖြူ - ဟုတ် … ပြေလိုက် မပြေလိုက်ပေါ့ … ပရော်ဖက်ဆာရယ် …
Prof: JK - ရုံးမှာ … သမီးကို ခေါင်းစား ခေါင်းခဲ ခေါင်းကိုက်အောင် လုပ်တဲ့ သူတွေ ရှိလား …
ခရေဖြူ - ရှိပါ့ … အလုပ်ကိစ္စနဲ့ ခနခန ဖြစ်တယ် … ခေါင်းခဲတယ် …
Prof: JK - အဓိက အပေးဆုံး သူက ဘယ်သူလဲ … ရုံးမှာ …
ခရေဖြူ - မန်နေဂျာပေါ့ … သူ ပြသနာအရှာဆုံး … ရှုပ်တဲ့ ကိစ္စတွေပဲ ရှင်းခိုင်းတယ် … ဆံပင်ဖြူတော့မယ် …
Prof: JK - အွန်း … ဒါဆို … Your manager give you a hard time ပေါ့ …
ခရေဖြူ - ရှင် … ဆရာ ဘာပြောလိုက်တာလဲ …
Prof: JK - Your manager give you a hard time ပေါ့လို့ပြောတာပါ …
မန်နေဂျာက … သမီးကို ခေါင်းစားစေတယ် …. အခက်တွေ့စေတယ်လို့ဆိုလိုတာလေ …
ခရေဖြူ - ဟုတ်လား … အဲ့လို သုံးလို့ရတာလား …
Prof: JK - အွန်း …
Give somebody a hard time - တစုံတယောက်ကိုခေါင်းစားစေသည် … အခက်တွေ့စေသည်ပေါ့ ...
မှတ်ထားချင်လဲ မှတ်ထားလေ … အလုပ်မှ ပြောလို့ရတာပေါ့ …
ခရေဖြူ - ဟုတ် … မှတ်ထားမယ် ..
Prof: JK - ဒါနဲ့ သမီးဘ၀မှာ ဝေခွဲမရဆုံးဖြတ်မရနဲ့ဘာလုပ်ရမှန်းမသိ ဖြစ်ဖူးလား ...
ခရေဖြူ - ဖြစ်ဖူးတာပေါ့ ဆရာ … အမြဲဖြစ်ပေါ့ …
Prof: JK - L ဇိုင်းဆီရဲ့ဝေခွဲမရပါလား ... သီချင်းကောနားထောင်ဖူးလား
ခရေဖြူ - ဟားးး … သမီး အကြိုက်ဆုံး သီချင်းလေ …
Prof: JK - ဒါဆိုကိုယ်တိုင်လဲ ဖြစ်ဖူးပီး … သီချင်းလဲကြိုက်တော့ …
အင်္ဂလိပ်လိုပါ ဝေခွဲမရပါလားကို … သိရင်ပိုကောင်းမယ် ထင်ဘူးလား
ခရေဖြူ - ဟုတ် … ထင်တယ် … သိထားတော့ ကောင်းမယ် ထင်တယ် …
Prof: JK - I can't make up my mind တဲ့ … ငါတော့ … ဝေခွဲမရပါလားတဲ့ နောင်ပြောပေါ့ … အိုကီ ?
ခရေဖြူ - အိုကီ …
Prof: JK - သမီးမှာ … သူငယ်ချင်းတွေကော … ပေါလား …
ခရေဖြူ - အပေါ်ယံ သူငယ်ချင်းတွေကတော့ အများရီး … Best Friends တွေကတော့ တယောက်နှစ်ယောက်ပေါ့ …
Prof: JK - သူငယ်ချင်းဆိုတာ … သမီးဘ၀မှာ အရေးပါတယ်လို့ မထင်ဘူးလား …
ခရေဖြူ - ထင်တာပေါ့ … ပရော်ဖက်ဆာကလဲ … မိန်းကလေးတွေက ပိုဆိုးတယ်. .. သမီးတို့မှာ …
ကိစ္စ တော်တော်များများအတွက် … တိုင်ပင်ဖော် တိုင်ပင်ဖက် လိုပါတယ် …
Prof: JK - အွန်း … ဟုတ်တယ် … ဘယ်နေရာရောက်ရောက်
သူတို့နဲ့ဆက်သွယ်ထိတွေ့တာ မပျက်သင့်ဘူး …
ခရေဖြူ - ဟုတ် …
Prof: JK - You should keep in touch with them …
ခရေဖြူ - ဆရာ … ဒီတခါကော … ဘာပြောလိုက်တာလဲဟင် …
Prof: JK - သူတို့နဲ့ အမြဲမပြတ်ဆက်သွယ်ထိတွေ့နေသင့်တယ်ကို အင်္ဂလိပ်လိုပြောလိုက်တာပါ …
ခရေဖြူ - အော် … keep in touch က … အမြဲမပြတ်ဆက်သွယ်ထိတွေ့နေတာ ပြောတာလား …
Prof: JK - ဒါပေါ့ … ဟုတ်တယ် … keep in touch … stay in touch … ကြိုက်တာပြောပေါ့ …
ခရေဖြူ - အွန်း … ပရော်ဖက်ဆာ … စကားပြောကောင်းနေလိုက်တာ … စာမသင်လို့ကတော့ …
မကောင်းဘူး … ထင်လာလို့ … အခု … စိတ်နဲနဲကြည်ပါပီ … စာသင်ချင် သင်တော့နော် …
Prof: JK - သင်ပီးပီလေ … သမီး …
ခရေဖြူ - ရှန် … ဘယ်တုန်းက … သင်လိုက်တာလဲ ဆရာ …
Prof: JK - စကားပြောရင်း သင်လိုက်တယ်လေ …
Give somebody a hard time
can't make up one mind
keep in touch , stay in touch with someone
အီဒီယမ် သုံးခုလေ … စာမေးပွဲအတွက် စာနွေးပေးလိုက်တာ …
ခရေဖြူ - ဟင် … အဲ့ဒါ စာသင်လိုက်တာ … သမီး တကယ်ကို မသိလိုက်ဘူး …
Prof: JK - အွန်း … ဟုတ်မယ် …
ခေတ်သစ် အင်္ဂလိပ်စာ သင်ကြားရေးစနစ်မှာ …
စာသင်နေတယ်လို့ စိတ်ထဲ မ၀င်စေပဲ …
ဆက်စပ်ရာလေးတွေ ပြောရင်းနဲ့ … မသိမသာ သင်တာကို …
စစ်မှန် ထိရောက်သော စာသင်နည်းများထဲမှ တခု ... လို့ … ခေါ်တယ်လေ …
ခရေဖြူ - အွန်း … ကျေးဇူးပါ ဆရာ … ဒါဆို သမီးကို ပြန်ခွင့်ပြုပါနော် …
Prof: JK - ကောင်းပါပီ သမီး ….
Professor JK ( ခေတ်သစ်အင်္ဂလိပ်စာ ကမ္ဘာကို လွှမ်းရမည် … )
No comments:
Post a Comment