Saturday, October 31, 2015

ဆေးဝါးပစ္စည်း အလှကုန်ဆိုင် မှ မမ … ( အရမ်းရယ်ရတယ်နော် … )

ဆေးဝါးပစ္စည်း အလှကုန်ဆိုင် မှ မမ … ( အရမ်းရယ်ရတယ်နော် … )

Keen တို့ လမ်းထိပ်နားက … ခပ်ပြတ်ပြတ် …
ဂလန့်ကတ်တတ် … ဘုကျကျ … ပု၀၀ …
ဆေးဝါးပစ္စည်း အလှကုန်ဆိုင် မှ မမ Chemist Shopkeeper မလေး
အကြောင်း ပြောပြချင်ပါတယ်နော် …

Keen - အမရေ … ၀ါဂွမ်း (Cotton wools ) လေး …
တချက်လောက် ပေးပါ …

မမ - ၀ါဂွမ်း မရှိဘူး … ၀ါဂွမ်း ကုန်နေပီ …
ဂွမ်းပုံပဲ ရှိတယ် … ယူမလား …

Keen - ဂွမ်းပုံကြီးလား … ဂွမ်းပုံလေးလား … မမ …

မမ - ပွင့် လေ …

Keen - အယ် … တော်ပါပီ … နောက်မှပေါ့ …

နန်းဆိုင်ခေးဟွမ် - အမရေ … Paracetamol လေး တချက်လောက်…

မမ - အွန့် …

နန်းဆိုင်ခေးဟွမ် - ဘယ်လောက်တုန်း … အမ

မမ - သုံးကဒ် … သုံးထောင်ပါ …

နန်းဆိုင်ခေးဟွမ် - အင် … တကဒ်ထဲ မှာတာပါ …

မမ - မဟုတ်ဘူး … Para ရယ် … ce ရယ် … tamol ရယ် … သုံးကဒ် …

နန်းဆိုင်ခေးဟွမ် - ဟိုက် …

မေမိုး - Aspirin အကိုက်အခဲ ပျောက်ဆေး တကဒ်ပေးပါ …

မမ - အင်း …

မေမိုး - ဒါနဲ့ အမ … အကိုက်အခဲ ပျောက်ဆေး အများကြီး သောက်ရင် … ဘာဖြစ်မလဲ …

မမ - လုံးဝမကိုက်ခဲတော့ဘူး … လုံးဝ မနာကျင်တော့ဘူး …

မေမိုး - ၀ါး … ဟုတ်လား … မိုက်ထှာ …

မမ - လုံးဝလဲ အသက်မရှိတော့ဘူး …

မေမိုး - အိ …

ဆူး - Plasters ပလာစတာ တထုပ် ရယ် … Bandage အနာပတ်တီး ရယ် …
Antiseptic ရယ် … တစ်ဒါဇင်လောက် ပေးပါ …

မမ - ဒါဆို … အပိုအနေနဲ့ … လက်ဆောင်ပေးစရာရှိပါတယ် …

ဆူး - ဘာများလဲ …

မမ - ရှေးခတ် အီဂျစ် မံမီလို မမ တကိုယ်လုံး ပတ်တီး စီးပေးပါ့မယ် …
တဒါဇင်လောက် လာဝယ်လို့လေ …

ဆူး - တိန် …

သံကိုးမောင်း - အအေးမိရင် … ဘာလုပ်ရမလဲ …
Cold and flu remedy လဲ … သောက်ရမလား …

မမ - ဟင့်အင်း …. အအေးမိရင် … အပူလိုက်ဖမ်းပါ …

သံကိုးမောင်း - တိန် …

မျိုးမျိုး - မုတ်ဆိတ်ရိတ်ချင်လို့ … Shaving Cream နဲ့ ရိတ်ရမလား …

မမ - Ice cream နဲ့ရိတ် … ကြာလို့ …

မျိုးမျိုး - ဟိုက်

Keen - အနံ့ပျောက်အောင် … Deodorant အနံအသက် ပျောက်ဆေး လေး …
သုံးရင်ကောင်းမလား … ဘာလုပ်ရမလဲ အမ …

မမ - လွယ်ပါတယ် … ငပိ နဲ့ ငါးတွေကို သိပ်သလို …
ဆားနဲ့ သိပ်လိုက် …

Keen - တိန် …

ပြီးပါပီ …

ဒီပို့စ်လေးရဲ့ ရည်ရွယ်ချက်က … Chemist ဆေးဝါးပစ္စည်း အလှကုန်ဆိုင် က
ပစ္စည်းတချို့ကို … အင်္ဂလိပ်လို သိစေနိုင်ရန် …
ရည်ရွယ်ပါတယ် …

အားလုံး ရယ်မောပျော်ရွှင်ရင်း …
အင်္ဂလိပ်စာကိုလေ့လာနိုင်ပါစေ …

Tr.James Keen

No comments:

Post a Comment