Sunday, November 1, 2015

can u read this..?

can u read this..?

fi yuo cna raed tihs, yuo hvae a sgtrane mnid too. Cna yuo raed tihs? Olny 55 plepoe uot fo 100 nac.i cdnuolt blveiee taht I cluod aulaclty uesdnatnrd waht I was rdanieg. The phaonmneal pweor of the hmuan mnid, aoccdrnig to a rscheearch at Cmabrigde Uinervtisy, it dseno't mtaetr in waht oerdr the ltteres in a wrod are, the olny iproamtnt tihng is taht the frsit and lsat ltteer be in the rghit pclae. The rset can be a taotl mses and you can sitll raed it whotuit a pboerlm. Tihs is bcuseae the huamn mnid deos not raed ervey lteter by istlef, but the wrod as a wlohe. Azanmig huh? yaeh and I awlyas tghuhot slpeling was ipmorantt! if you can raed tihs forwrad it.

ဘလော့ခ် ( Blog ) ရေးရတဲ့ဒုက္ခ …

ဝါသနာကို ဖျက်လို့မရတော့ … ဒီလိုပဲ … Blog တွေထိုင်ရေးနေရဆဲပေါ့ …

နေ့တိုင်း နေ့တိုင်း Online ပေါ်တက်ပြီး … အင်တာနက်သုံးနေရတော့လဲ …
ဆိုင်မှာ Member သွင်းထားတာတောင် … အိတ်ကပ်ထဲက ပိုက်ဆံက ခဏခဏထွက်နေတယ်လို့ ခံစားရတယ် …
ဒါပေမယ့် မမှုပါဘူုး … ဗီဇပေကိုး …

ခေါင်းကြည်မှ … လန်းဆန်းမှ စာကောင်းကောင်း ရေးနိုင်တယ်ဆိုပြီး … ညဘက်ဆို ကြက်ဥနဲ့ နွားနို့တွေ တုပ်ရင်းနဲ့ …
မအိပ်ချင်ပဲ ပြူးနေတဲ့ ဒီမျက်လုံးက … ဇီးကွက်မြင်ရင်တောင် … ငါ့အမျိုးလားလို့ ၀င်နှုတ်ဆက်နိုင်တယ် …
ဘာဖြစ်လဲ … ပြန်နှုတ်ဆက်လိုက်မှာပေါ့ … ဟိဟိ …

တကယ်ပါ … ဒီလောက်ပူအိုက်တဲ့ ရာသီကြီးမှာ … လေးဘက်လေးရံ အလုံပိတ်ထားတဲ့ Keen ရဲ့အခန်းက …
ပန်ကာသာမရှိရင် … ငရဲပြည်ကချွေးထုတ်ခန်းလိုပဲလေ …
မနက်ဆိုရင် … ပေါင်းပြီးသား ထွက်လာမှာ … သေချာတယ် …

ဒါနဲ့မဖြစ်ပါဘူးဆိုပြီး … ရှိသမျှတံခါးတွေဖွင့် … အပြင်ဘက်မှာပဲ ထိုင်ပြီး စာရေးတော့တယ် …
ဘေးနားက စာအုပ်ပုံကြီးကို လှန်လှော … ကောင်းနိုးရာရာလေးတွေ ကူးချ … အဲ … ထုတ်နုတ် …
ကိုယ်ပိုင် Idea နဲ့ ပြန်ပေါင်းစပ်ရေးရတာပေါ့ …

တခါတလေ ပြောချင်တာက … ငါးကြောင်းထဲ …
စိတ်ဝင်စားအောင် … ဟာသလေးတွေ … ရယ်စရာလေးတွေ ပြောရတာက တပိုးတနင့်လေ …
တခါတလေ … ဓာတ်ပုံတပုံထဲ ကြည့်ပြီး … Blog တခုဖြစ်အောင်ရေးရတာ …
တကယ်ပြောရရင် Blog ရေးရတာ မလွယ်ပါဘူးဗျာ …

ညည်းနေလို့တော့ ဘာမှဖြစ်မလာဘူးလေ …
တခုခုရေးနေမှ စာဖြစ်လာမှာပေါ့ … ( မှန်လိုက်တာ )

ဒီလိုနဲ့ … ဒါရေးရင်ကောင်းမလား … ဟိုဟာရေးရင်ကောင်းမလား …
ဟိုဒင်းဆိုရင်ကော … ဒါကြီးဆိုရင်ကော ?
ဟိုလိုလုပ်ရမလား … ဒီလိုလုပ်ရမလားနဲ့ … လုပ်နေရင်း …
ခေါင်းပေါ်က မီးချောင်းက မှိန်မှိန်လာတယ် …
အော် … ၈လ အာမခံ ဘက်ထရီလဲ …
၈ရက်နဲ့ … ဆန္နပြ ပြီ ထင်ပါရဲ့ကွယ် …

ကဲပါ … ဂရုစိုက်မနေတော့ပါဘူး …
ရှိတဲ့ မီးရောင် နဲ့ ရေးမှာပေါ့ …

ဒီလိုနဲ့ … Idea ကောင်းကောင်း … ပရိသတ်တို့လဲ စိတ်ဝင်စားမယ့် Blog လေးတခု ဖန်တီးဖို့ စဉ်းစားမိလာတယ် …
ဒီထဲမှာ ရယ်စရာလေးတွေ ထည့်မယ် … စိတ်ဝင်စားအောင်လဲ လုပ်မယ်ပေါ့နော် …
ကြည်နူးစိတ်နဲ့ ပီတိတွေဖြာပြီး … ဘောလ်ပင်နဲ့စာရွက်ကို ထိမိတယ်ပဲ ကြံရသေးတယ် … ဘာဖြစ်သွားတယ်ထင်လဲ …

မီးပျက်သွားပါတယ် …

တယ်ကောင်းတဲ့ ဘက်ထရီနော် … နက်ဖြန် ကုလားကိုရောင်းစားရမယ် …
ဒါပဲနော် … ကုလားက စိတ်ကြီးတယ် … အာ … ငါပါရောပြီး ကုလားဖြစ်နေပြီ …

ကဲ … မထူးတော့ပါဘူးလေ … အခုမှောင်နေတဲ့ ကိစ္စအရင်ရှင်းတာပေါ့ဆိုပြီး … မှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့အထ …
ဘေးက ထိုင်ခုံကို တိုက်မိပြီး … ရေပုလင်းတွေမှောက်ကျကုန်တယ် …

ခွမ်းးးးးးးးး ဂျလွမ်းးးးးးးးးးးးးးးး ( ရေခွက်ကွဲသံပါ )

အိမ်က အိပ်နေတဲ့ … အမေအဖေတွေလဲ … ဘာလဲ … ဘာဖြစ်တာလဲ ဆိုပြီး လန့်နိုးလာကြရော …
အဖြစ်မှန်ကိုလဲသိသွားကြရော … ဂရုဏာသက်သွားပြီး … အားပေးစကားလေး တခွန်းပြောသွားတယ် …

သား … အိပ်တော့ တဲ့ …

ကောင်းရောဗျာ …
ဒါပေမယ့် … ဘယ်ရမလဲ … blogger လေ … အရာရာထက် Blog က နံပါတ်တစ် …
အရာရာထက် သူ့ကို ပိုမြတ်နိုးတယ် … သူ့ကိုပိုတန်ဖိုးထားရမှာပေါ့ …

ဒီလိုအတွေးနဲ့ စာအုပ်တွေကိုဖက်ပြီး အိပ်သွားတယ် … ဘယ်လောက်ချစ်လဲပြော … :P
ZzZZzzzzZzzzz ~~~
-------------------------------------------------------
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ( အလန့်တကြားအော်သံပါ )

မနက်တောင်ရောက်သွားပြီ … ဘာမှလဲမရေးဖြစ်တော့ပါလား …

စိတ်ညစ်တယ် … စိတ်ညစ်တယ် … စိတ်ညစ်တယ် …

ဒီနေ့ ဒါဆို ဘာ Blog ကို တင်ရတော့မှာလဲလို့ …

မေး ကိုထောက်ပြီး … ဟိုတွေးဒီတွေးနဲ့ ခြေမှိုင်လက်မှိုင်မျောက်မှိုင်ချနေမိတယ် …
ဒီလို မျောက်မှိုင်ချနေရာကနေ … မျောက်အုန်းသီးရတဲ့ မျက်နှာပြောင်းသွားပြီး …
မျောက်ထိုင်ထိုင်ကာ အော်လိုက်မိတယ် …
ဘာရေးရမလဲ ငါသိပြီကွ တဲ့

ပြီးတော့ … စာအုပ်ပေါ်မှာ ခေါင်းစဉ်လေးတပ်လိုက်တယ် …
ခေါင်းစဉ်လေးက …

ဘလော့ခ် ရေးရတဲ့ဒုက္ခ တဲ့လေ …

ပျော်ရွင်နိုင်ကြပါစေ …

Keen

ကိုယ်နဲ့ မသိတဲ့ မိန်းကလေးတယောက်နဲ့ … စခင်ဖို့ကြုံလာတဲ့အခါ … ပထမဦးဆုံး ပြောသင့်တဲ့စကား … ???

ကိုယ်နဲ့ မသိတဲ့ မိန်းကလေးတယောက်နဲ့ … စခင်ဖို့ကြုံလာတဲ့အခါ … ပထမဦးဆုံး ပြောသင့်တဲ့စကား … ???



သူငယ်ချင်းတို့ရေ …
သင်တန်းတခုခု စတက်လို့ … ကိုယ့်ဘေးနားမှာ … မမျှော်လင့်ပဲ …
မိန်းကလေးတယောက်ယောက်က လာထိုင်တဲ့အခါ …

ဘတ်စ်ကားမှတ်တိုင်မှာပဲဖြစ်ဖြစ်ပေါ့ …
တနေရာရာမှာ … ကိုယ်ကသတိထားမိပြီး …
သူကပြန်သတိမပြုမိတဲ့ … ကောင်မလေးတယောက်ကို …
အမှတ်မထင် ဆုံမိတဲ့အခါ …

ပါတီပွဲတခုခုမှာပဲ ဖြစ်ဖြစ် …
ကိုယ့်အနားမှာ … မိန်းကလေးတယောက်ယောက် က ရပ်နေလို့ …

ရင်းနှီးသွားအောင် … စကားအစပျိုးမယ်လို့ …
စိတ်ကူးတယ်ဆိုရင် … ဘယ်စကားလုံးလေးတွေက …
သင့်တော်မယ် … ထိရောက်မယ် …အဆင်ပြေမယ် ထင်လဲဗျာ …

Keen အရင်ပြောကြည့်မယ်နော် …

“ဟေ့ … နေကောင်းလား”

အဲဒီ့ စကားလုံးလေးက စကားအစပျိုးတဲ့အခါ သင့်တော်မယ်ထင်လား …
Keen ကတော့ မထင်ပါဘူးဗျာ …
တော်ကြာ … အခုမှစသိတဲ့သူကို … နေကောင်းလားမေးရအောင် …
ငါက လူမမာရုပ် ပေါက်နေလို့လား ဆိုပြီး ရန်တွေ့ … ဘယ်လိုလုပ်မလဲ …
ပယ်တယ် … နောက်တခု …

“မင်္ဂလာပါ”

ဒါလဲ အဆင်မပြေနိုင်ဘူးထင်ပါတယ် …
ဘတ်စ်ကားမှတ်တိုင်မှာပဲ … သွားပြောပြော …
ပါတီပွဲပဲသွားပြောပြော …
“မင်္ဂလာပါ” လို့ … အဲလောက် ယဉ်ယဉ်ကျေးကျေးသွားပြောနေရင် …
အလှုခံထင်ပြိး … ကန်တော့ပါသေးရဲ့ ပြန်ပြောနေမှ … ဒုက္ခ …
မဖြစ်ဘူးနော် … နောက်တလုံးထပ် စဉ်းစားတာပေါ့ …

“ဟေ့ … မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်လို့ပါ … ရမလားမသိဘူး …”

ဒီစကားလေးက … အပေါ်ယံကြည့်ရင်တော့ … မိပေမယ့် …
သေချာစဉ်းစားလိုက်ရင်တော့ … ဂွိနိုင်တဲ့ ကိစ္စပါ …
မဖြစ်ချင်နဲ့ … မရဘူးလို့… ပြန်ပိတ်ပြောရင် …
ဘာဆို ဘာမှ ထပ်ပြောလို့ မရတော့ပဲ … အရှက်ကွဲမယ့် ကိစ္စဆိုတော့…
ဒါလဲ အဆင်မပြေဘူးထင်တာပဲ …

ဒါဆို ကိုယ်နဲ့ မသိတဲ့ မိန်းကလေးတယောက်နဲ့ … စခင်ဖို့ကြုံလာတဲ့အခါ …
ပထမဦးဆုံး ပြောသင့်တဲ့စကားက … ဘာများလဲဗျာ …

သင့်တော်မယ့် အဖြေရှိရင် ၀ိုင်းပြီးဆွေးနွေးကြပါဦးနော် …

ယောကျာ်းလေးတွေအပြင် … မိန်းကလေးတွေပါ …
ဝင်ဆွေးနွေးပေးဖို့ … အကူအညီတောင်းပါတယ် …

ယောကျာ်းလေးတွေဘက်ကလဲ … ကိုယ်သာ အဲဒီ့နေရာမှာဆို ဘယ်လို အစပျိုးရင်ကောင်းမလဲ … ?
မိန်းကလေးတွေဘက်ကလဲ … ကိုယ့်ကို တယောက်ယောက်က … ဘယ်လိုပုံစံနဲ့ စပြီးလာပြောရင် …
လက်ခံပြီး စကားပြောမလဲဆိုတာ … ၀င်ဆွေးနွေးပေးကြပါနော် …

ကျေးဇူးတင်ပါတယ် …
Keen

ဒီပုံစံလေးအတိုင်းပဲ … မင်းကို ဆက်ချစ်ချင်တယ် … မိန်းကလေးရေ … ( သီတင်းကျွတ်ည … အချစ်ကဗျာ … )

 ဒီပုံစံလေးအတိုင်းပဲ … မင်းကို ဆက်ချစ်ချင်တယ် … မိန်းကလေးရေ … ( သီတင်းကျွတ်ည … အချစ်ကဗျာ … )

ကောင်မလေးရေ …
မင်းရဲ့မျက်လုံးလေးကို … ညဘက်မှာ ကြည့်မိတဲ့အခါ …
ကြယ်ကလေးတွေတောင် သိပ်မတောက်ပတော့သလို ခံစားမိတယ် …
အဲဒါ ဘာလို့လဲဟင် … ?

ဘာမှထွေထွေထူးထူး ပြင်ဆင်စရာမလိုပဲ … ယိမ်းနွဲ့စွာ စီးဆင်းကျနေတဲ့ …
မင်းရဲ့ ဆံနွယ်လေးတွေ လေမှာဝဲနေတာ မြင်လိုက်မိရင်ပဲ…
ဒီညတော့ … မင်းဘေးနားမှာပဲ … နေချင်မိတော့တယ် …
အဲဒါ ဘယ်လိုလုပ်ရမလဲ … ?

ကိုယ်သိပါတယ် … မင်းကို ချီးမွမ်းတဲ့ အခါတိုင်း … မင်းက … လက်မခံတတ်ဘူး …
ဒါတွေထားပါ … ဒါပေမယ့် … ကိုယ်ခံစားမိတဲ့ … ခံစားချက်ကို … မင်းလေးကပါ … ပြန်မခံစားတတ်မိရင်တော့ …
ကိုယ် သိပ်ဝမ်းနည်းမိမှာပဲ …

မင်းကိုယ်မင်း … ဘယ်လိုနေလဲလို့ … မေးမေး မမေးမေး … ကိုယ်ကတော့ … ဒီလိုပြောလိုက်မယ် …
နားထောင်နော် …

မင်းမျက်နှာလေးကို … တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ချင်မိတယ် …
ဒါဟာ ဘယ်လောက်ပဲ နှစ်တွေကြာကြာ မရိုးသွားမယ့် ကိစ္စပေါ့ …

မင်းပြုံးလိုက်တဲ့ အခါတိုင်း … တကမ္ဘာလုံးက … ခဏရပ်တန့်ပြီး … မင်းကိုငေးကြည့်နေမိလိမ့်မယ် …
ဒါတွေဟာ … ဘာလို့လဲ သိရဲ့လား … ?

မင်းဟာ … ဒီပုံစံလေးအတိုင်းပဲ သိပ်လှနေလို့ပေါ့ …

မင်းရဲ့ပင်ကိုယ်ပုံစံလေးကို … ဘယ်တော့မှ မပြောင်းလဲပစ်ပါနဲ့နော် …
မင်းလိုက်ရှာနေတဲ့အရာက … ပြီးပြည့်စုံတဲ့ … အလှတရားလို့ ဆိုခဲ့ရင်တောင် …
ဒီအတိုင်းလေးပဲ ဆက်နေလိုက်ပါ…

အဲဒါ ပြီးပြည့်စုံခြင်းပါပဲ …
----------------------------
Her eyes make the stars look like they’re not shining …

Her hair falls perfectly without her trying …

The whole world stops and stares for awhile to see your smile …

I will be so sad if you don’t see what I see …

I will love you forevermore … you know why?

Ya … coz girl you are amazing …

Just the way you are … !

သီတင်းကျွတ်ညလေးရောက်ခဲ့ရင် … ကိုယ်ရည်ရွယ်ထားတဲ့ ကောင်မလေးကို …
အဲလိုလေး … ပြောပြပေးလိုက်နော် …
ကိုယ့်အတွက်တော့ … ကိုယ့်ချစ်သူက …
ကိုယ့်မျက်လုံးထဲမှာ … နတ်သမီးလေးလို ထင်မိတဲ့သဘောလေးကိုရေးထားတာပါ …

ကံကောင်းပါစေနော် …

Mr. Keen

Mr.Keen ပို့ချသော အချစ်မေဂျာ Class …

Mr.Keen ပို့ချသော အချစ်မေဂျာ Class …

ကဲ … ကဲ … သူငယ်ချင်းတို့ …

အင်္ဂလိပ်စာဆိုပြီး နာမည်တပ် … ဟန်ပါပါနဲ့ … Blog ကို ထပ်လိုက်ရင် …

ခေါင်းစဉ်တွေ့တာနဲ့ ပြေးသူကပြေး …
ဖတ်ရင်းနဲ့ အိပ်ငိုက်သွားလို့ … ဝေးသူကဝေး …

အင်္ဂလိပ်စာဆိုတဲ့ စာသားတွေ့တာနဲ့ ကြောက်သူကကြောက် …
ခက်တဲ့ စကားလုံးတွေ စတွေ့တာနဲ့ ဂေါက်သူကဂေါက် …

ကြာလာတော့ စိတ်ရှည်လာတယ် … ( ဟင်းဟင်း … )

ဒီတော့ သူငယ်ချင်းတို့ စိတ်ဝင်စားရာ ချစ်မှုရေးရာ ချစ်ကိစ္စတွေနဲ့ ယှဉ်ပြီး …
အင်္ဂလိပ်စာကို သင်မယ်ဗျား … ရှောင်မပြေးပဲ ဖတ်ရှုကြကုန်လော့ … ဟိဟိ …

စပြီ …

သင်ခန်းစာ ( ၁ ) အခြေခံ အချစ် ( Love’s Basic )

အချစ်ဆိုတာဘာလဲဆိုတော့ Love ပေါ့ …
အချစ်ကိုလက်ခံပြီးချစ်ကြသူတွေကို Lover လို့ခေါ်သတဲ့ …
ပြောတာရှင်းလားမသိဘူး … ( အဲဒါ မင်းမသင်လဲ တတ်တယ်ဟဲ့ … )

အယ် !

ဟုတ်ပါပြီ … ဒါဆို … ရည်းစားစာကို ဘယ်လိုခေါ်လဲသိလား … ကဗျာဆန်ဆန်ပြောရရင် … ချစ်သ၀ဏ်လွှာလေးပေါ့ …
Love Letter လို့ခေါ်တယ် … (သိပ်ခက်တယ်ကွယ် … သိပ်ခက်တယ် … ဟင်းဟင်း )

ကောင်မလေးတယောက်အပေါ်ချစ်မိကြိုက်မိသွားတယ်ဆိုရင် … Fall – in Love With her လို့ခေါ်ပါတယ် … မှတ်ထားနော် …
ချိန်းတွေ့တာကိုတော့ “Dating” လို့ ခေါ်သဗျ ... ဟဟ …

ကဲ … ဒီလောက်ထိတော့ … အားလုံးက မသင်လဲ တတ်နေကြမှာပဲလေ …
ဒီတော့ … အားလုံးဝိုင်းမရိုက်ခင် … နည်းနည်းခက်တာလေး တဆင့်တက်တော့မယ်နော် … ဟိဟိ
Ready ပဲလားဗျ … ( ဒါပေါ့ … )

လက်ထပ်ခွင့်တောင်းတာကို Propose လို့မသုံးပဲ … တခြားဘယ်လိုသုံးလဲ သိလား … ( အယ် … သိဘူးဟ )
ဟဲ … ဟဲ … မသိဘူးမလား … Keen ရောပဲ … ( အန် … )

နောက်တာပါ … ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတာဆိုရင် … He asked for her hand လို့ သုံးလဲရပါတယ် …

ဒါနဲ့ မျက်စိမှိတ်ချစ်တယ်လို့ ပြောချင်ရင်ကောဗျာ … ?
( I Love her by closing my eyes လား ? )

ဟဟ … အဲဒါ တိုက်ရိုက်ဘာသာပြန်လိုက်တာလေ … စကားလုံးတလုံးနဲ့တင် … အားလုံးပြီးပြည့်စုံလို့ရတယ် …
အဲဒီ့ စကားလုံးက … “Dote” တဲ့ …
အယ် … TB ဆေးနဲ့တော့ … မရောနဲ့နော် …

I dote to her ဆိုရင် … ငါသူမကို မျက်စိမှိတ်ချစ်တယ်ပေါ့ …

မျက်မမြင်တွေ ရည်းစားစာရေးရင် … သုံးကြမှာပေါ့ … ဟဟဟ

ကဲ … နောက်ထပ် ပေါက်ကရတွေ သင်ပေးလိုက်ဦးမယ် …
ခိုးပြေးတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ သိလား …

“Elope” တဲ့ … I elope with her ဆိုရင် … ငါသူမကို ခိုးပြေးတယ်ပေါ့ …
လိုက်တော့မလုပ်ကြနဲ့နော် … ဟိဟိ …

ကဲ … ဒီနေ့တော့ … love basic သင်ခန်းစာ ( ၁ ) ကို ဒီမှာတင်ရပ်လိုက်ပါတယ် …

နောက်ဆက်မယ့် သင်ခန်းစာလေးတွေထဲမှာ … ဘာတွေဆက်ပါမလဲဆိုတာ … တွေးရင်း …
အချစ်မေဂျာ Class ဒီနေရာမှာတင် ရပ်မယ်ဗျို့ …

Keen

Idioms များနှင့် ကျွန်တော် …

Idioms များနှင့် ကျွန်တော် …

သူငယ်ချင်းတို့ရေ …
ကောင်းသောနေ့လေးပါနော် …
သူငယ်ချင်းတို့ သိတဲ့ အတိုင်း … Idioms ဆိုတာ … အင်္ဂလိပ်စာကို လေ့လာတဲ့အခါ …
ကိုယ်ရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို အနားကွပ်ပေးမယ့် အဆင်တန်ဆာလေးတွေနဲ့ တူပါတယ် …
တခါတလေဆိုရင်တော့ … ကမ္ဘာပေါ်က ရှိသမျှ Idioms တွေ အားလုံးကို လိုက်လံလေ့လာရတဲ့အခါ …
ရူးချင်သလိုလို … ဂေါက်ချင်သလိုလို ဖြစ်နေတတ်ပါတယ် …
ဒီတော့ ဦးတည်ချက်မရှိဘဲ … လေ့လာတာထက်စာရင် …
အမျိုးအစားလေးတွေခွဲပြီး လေ့လာကြရအောင် …
မကောင်းဘူးလားဗျာ … ( ကောင်းကောင်း မကောင်းကောင်း ဆက်ရေးပြီဗျို့ … ဟိဟိ )

Green Light

ဒါကတော့ … Keen သိပ်ကြိုက်တဲ့ Idioms လေးပေါ့ … ကောင်မလေးတွေ သွား Q လို့ ပါးရိုက်မခံရပဲ … အဆင်ပြေလာခဲ့ရင် … Keen က အမြဲတမ်း သူငယ်ချင်းတွေကို … မီးစိမ်းပြတယ်ဟေ့လို့ ပြန်ပြောနေကြလေ … မီးပ္ပိုင့်တွေမှာ … မီးစိမ်းပြရင် … Keen တို့ ဘာဆက်လုပ်လို့ရလဲ … ? ဆက်သွားလို့ရတယ် … မောင်းတော့ဆိုတဲ့ သဘောကိုပြတာလေ … ဒီတော့ … ဒီ Green Light ဆိုတဲ့ စာသားဟာလဲ … အိုကေတယ် … အဆင်ပြေတယ် … ဆက်လုပ်လို့ရတယ်ဆိုတဲ့ သဘောပဲပေါ့ဗျာ…

To feel Blue

Blue Music ကို သူငယ်ချင်းတို့ နားထောင်ဖူးလား … ? နားထောင်မယ်ဆိုရင် … သူငယ်ချင်းတို့ အများဆုံး ခံစားမိမယ့် ရသက … ၀မ်းနည်းခြင်း … ပူနွေးခြင်း ( Sad & Sorrow ) တွေပေါ့ … Blue ရဲ့ ဂုဏ်သတ္တိကိုကလဲ … ၀မ်းနည်းကြေကွဲခြင်းဆိုပြီး ဖော်ပြနေတယ်လေ … ဒီတော့ To Feel Blue ဆိုတာ … ၀မ်းနည်းတယ် … စိတ်မကောင်းဖြစ်တယ် လို့ပြောချင်တာပါ …

Green With Envy

ပန်းချီကားချပ်တွေ … ကာတွန်းတွေမှာ … မနာလိုဝန်တိုဖြစ်ခြင်း … ( Jealousy ) ကို ဖော်ပြချင်ရင် အစိမ်းရောင်ခြယ်ပြီး … ပြသလေ့ရှိပါတယ် … ဒီတော့ … Green With Envy ဆိုတာ … မနာလိုဝန်တိုဖြစ်နေတယ်ဆိုတဲ့ သဘောပေါ့ဗျာ …

In the Red

In the Red တဲ့ … တိုက်ရိုက်ဘာသာပြန်ကြည့်ပါဦး … :) He is in the red ဆိုရင် … သူက အနီရောင်ထဲရောက်နေတယ်တဲ့လေ … ဟဟ … အဲဒါ အမှန်ဟုတ်ရဲ့လားဗျာ … မဟုတ်ပါဘူး … အနီရောင် ကာလာကို … ဘယ်နေရာမှ သုံးလေ့ရှိလဲ ဆိုတာ အရင် စဉ်းစားကြမယ်လေ … အနီရောင်ကို သတိပေးတားမြစ်ချက်တွေ … အန္တရာယ်ရှိတယ်လို့ ပြောချင်တဲ့ နေရာတွေမှာ သုံးလေ့ရှိတယ် ဆိုတာ … သတိထားမိကြမယ်ထင်ရဲ့ … ဒါကြောင့် ဒီလို ခြုံငုံဆက်စပ်ပြီး စဉ်းစားလိုက်ရင် … In the Red ရဲ့ တကယ့် အဓိပ္ပာယ်ဟာ … အခက်အခဲတွေ့တယ် … ဒုက္ခရောက်တယ်လို့ ပြောချင်တဲ့ သဘောပေါ့ဗျာ …

ကဲ … ဒီနေ့ … Keen မျှဝေပေးချင်တဲ့ Colour Idioms လေးတွေကတော့ ဒီလောက်ပါပဲနော် …
နောက်မှ တခြား Idioms အမျိုးအစားလေးတွေ ဆက်ကြရအောင် …

Mr.Keen

ပညာရေးနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်ခြင်း …

ပညာရေးနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်ခြင်း …

လူတယောက်ကို တော်တဲ့ တတ်တဲ့ သူဖြစ်စေချင်တဲ့ အခါ … ဘာလုပ်တာ အကောင်းဆုံးဖြစ်မလဲ ?
“ဒီလူဟာ … လူငယ်ဆိုရင်တော့ ကျောင်းနေပေါ့ဗျာ …”

ဟုတ်ပါတယ် … အများစုကတော့ … ကျောင်းနေရင် ပညာတတ်မယ် … လိမ္မာယဉ်ကျေးကြမယ်လို့ယူဆကြပါတယ် …
ဒါပေမယ့် … ကျောင်းတက်ခြင်းတခုနဲ့ လုံလောက်သွားပါပြီတဲ့လား …

မလုံလောက်သေးပါဘူး …
ကျောင်းတက်မယ်ဆိုရင်လဲ … ကျောင်းက သင်မယ့် စာတွေကို လက်တွေ့နဲ့ တွဲသင့်ပါတယ် …
အပြန်အလှန်မေးခွန်း ထုတ်ပြီး … ဆွေးနွေးတိုင်ပင်တတ်တဲ့ အကျင့် ကို အလေးပေးသင့်ပါတယ် …
စာတွေ့သက်သက်သာဖြစ်ရင်တော့ … ပညာတတ်သင့်သလောက် တတ်နိုင်မှာ မဟုတ်ပါဘူး …

ဆော့ခရတ္တိ ( Socrates ) က ပညာရေးနဲ့ ပတ်သက်ပြီးပြောခဲ့သလိုပေါ့ …

I cannot teach anybody anything …
I can only make them think!

ကျွန်တော် ဘယ်သူ့ကိုမျှ ဘာကိုမှ မသင်ပေးနိုင်ပါဘူး …
ကျွန်တော် သူတို့ကို စဉ်းစားတတ်အောင်ပဲ လုပ်ပေးနိုင်ပါတယ် …

Socrates ပြောခဲ့တဲ့ စကားတွေဟာ … ပညာသင်တွေကို ကိုယ်တိုင်စဉ်းစားတတ်တဲ့ အကျင့်ရှိဖို့ …
တွေးတတ်တဲ့ အလေ့အထ ရှိဖို့ရည်ညွှန်းနေတယ်လို့ ယူဆလို့ ရပါတယ် …

အခုလက်ရှိ ပညာရေး စနစ်ကြီး မှာ … များသောအားဖြင့် … ပြုလုပ်လေ့ပြုလုပ်ထရှိတဲ့ အလေ့အထက …
ကျက်မှတ်ခြင်း တခုထဲပဲ ဖြစ်နေတတ်ပါတယ် …

ရေးတယ် … ကျက်တယ် … မှတ်တယ် … ပြီးတော့ စာမေးပွဲ သွားဖြေတယ် …
ဒါပေမယ့် … ဒီလိုကျက်မှတ်တတ်ရုံနဲ့ ပြီးသွားရောလား … မပြီးသွားပါဘူး …

ကိုယ်ကျက်မှတ်ထားသမျှကို ချရေးပြီး … စာမေးပွဲအောင်သွားခဲ့ရင်တောင် …
စဉ်းစားတတ်တဲ့ စိတ်သာ မရှိခဲ့ရင် … တတ်မြောက်သွားတယ်ဆိုတဲ့ ပညာရေးဟာ …
မပြည့်စုံပါဘူး … အလကားဖြစ်နေပါလိမ့်မယ် …

သင်ကြားခြင်းဆိုတာ သင်ယူခြင်းရှိမှဖြစ်လာတာပါ …
ဆရာက အတန်းထဲမှာ ဘယ်လိုပဲသင်သင် …
သူ့ရဲ့ ကျောင်းသားတွေဘက်က … တစုံတခု ထူးထူးခြားခြား ရသွားခြင်းမရှိခဲ့ရင် …
ဒါကို သင်ကြားပို့ချနေတယ်လို့ခေါ်လို့မရပါဘူး …

ကျောင်းသားဘက်ကလဲ ယူတတ်မှ …
ဆရာကလဲ ပေးတတ်မှ … သင်ကြားခြင်း အစစ်အမှန်ဖြစ်လာနိုင်ပါလိမ့်မယ် …