Thursday, October 29, 2015

ဖစ်ချင်ဦး ဟဲ့ ဆရာ … သင်ချင်ဦးဟဲ့ … အင်္ဂလိပ်စာ … ( အပိုင်း ၄ ) 

ဖြစ်ချင်ဦး ဟဲ့ ဆရာ … သင်ချင်ဦးဟဲ့ … အင်္ဂလိပ်စာ … ( အပိုင်း ၄ )

အဟမ်း …
ကျွန်တော့ နာမည် … ဆရာဂျိန်းစ် ပါ …

ဘာလိုလိုနဲ့ …
ကျွန်တော့်ရဲ့ … အင်္ဂလိပ်စာ သင်တန်းလေး …
ဖွင့်လှစ်ခဲ့တာ …
ဒီနေ့နဲ့ဆို … လေးရက်မြောက်နေ့တောင် …
ရှိခဲ့ပြီပေါ့ …

ဒီနေ့တော့ …
ခေါင်းစဉ်အသစ်လေးနဲ့ … မိတ်ဆက်ပေးဖို့
စဉ်းစားနေပါတယ် …

Romantic Letter Writing ( ရည်းစားစာရေးနည်း ) ပဲ သင်ရင်ကောင်းမလား …
The Art of Flirting ( အီစီကလီ ဂွီစီ ဒိုင်းညှောင့်ခြင်း အတတ်ပညာ ) ပဲ သင်ရင်ကောင်းမလား …

စက်တင်ဘာလ ၀န်းကျင်ဆို … စာမေးပွဲ ရာသီဆိုတော့ …
How to cheat in the exam effectively ( စာမေးပွဲတွင် ထိထိရောက်ရောက် စာခိုးချနည်း ) ပဲ …
သင်ရကောင်းမလား … အတွေးအိုက်နေပါတယ် …

ထိုအချိန်…
Micro Mini Skirt နှင့် စွပ်ကျယ် ကို ၀တ်လာသော …
ခေတ်ဆန်ဆန် ကောင်မလေး တယောက် … ရောက်လာလေသည် …

May Lin ။ ။ ဆရာရှင့် … ဆရာဂိန်းးး အင်္ဂလိပ်စာ သင်တန်းဆိုတာ … ဒါလားမသိ …
Tr.James ။ ။ ဘုရားရေ … ဆရာ ဂျိန်းစ် ပါဟ … ဆရာ မဂိန်းးးး ပါဘူး …
May Lin ။ ။ ဟယ် … လျှာလိပ်သွားတာ ဆရာရယ် … ဆောရီးပါ … ဆရာ မဂိန် ဘူးနော် …
ဘွာတေး ဘွာတေး …..
Tr.James ။ ။ မဂိန် …… အာ …. ပိုဆိုးပြီဟာ … ဂျိန်းစ်…ဂျိန်းးးစ် … Teacher Jamessss ….. !!!
May Lin ။ ။ ဟုတ် … ဟုတ် … ဒါနဲ့ … သမီး မြန်မာ နာမည်က … မေလင်းပါရှင့် …
အင်္ဂလိပ်နာမည်က Jezebel ပါ … ငယ်နာမည်က … မိ ပွတ်ကျွတ် … အိမ်ခေါ်နာမည် က … မ ပွတ်တွတ် …
Nick Name က … မ ပိစိ ပါ ဆရာ …
Tr.James ။ ။ နာမည်တွေကလဲ … ပိသာချိန်နဲ့ ရောင်းစားလို့ရတယ် … အေးး အေးး … ထိုင်ထိုင် … သမီး …
May Lin ။ ။ ဟုတ်ကဲ့ ရှင့် …

Tr.James ။ ။ ဒါနဲ့ … သမီးကို … ဆရာ မြင်ဖူးသလိုပဲ …
May Lin ။ ။ ဟုတ်ကဲ့ … ဆရာနဲ့ Facebook မှာ သူငယ်ချင်းလုပ်ထားတယ်ရှင့် …
Tr.James ။ ။ အော် … သိပြီ … Jezebel ပဲ … သိတယ် … သိတယ် …
May Lin ။ ။ ဟုတ် …
Tr.James ။ ။ တလောလေးကတောင် … သမီး နှပ်ချေးနှိုက်နေတဲ့ ပုံတင်တာ … Like တသိန်း ရသွားတယ်လေ
May Lin ။ ။ ရှန် !!!!!!!! သမီး မေးစေ့ကို … လက်နဲ့ … ထောက်ထားတဲ့ ပုံပါရှင့် … ဆရာနော် …
Tr.James ။ ။ အော် … ဟုတ်လား … ဖြတ်ခနဲ့… News Feed ကနေ တွေ့လိုက်ရလို့ပါ … ဆောရီး …

ကဲ … အားလုံး လူစုံပြီဆိုရင် … သင်ခန်းစာ အသစ်လေး စတင်လိုက်ရအောင် …

Unit 3 ( Ambition )
==================

Tr.James ။ ။ ရည်မှန်းချက်ကို ( Ambition ) လို့ … ခေါ်တယ် …
ရည်မှန်းချက် ထား တယ် ဆိုတာ … ဘာကို ပြောတာလဲ … ဖြေကြည့်ပါ …

Khant Thuta ။ ။ ကျွန်တော် သိတယ် ဆရာ ..

Tr.James ။ ။ အေး … ပြောစမ်းပါဦးကွာ …

Khant Thuta ။ ။ “ရည်” ရွယ်ထားတဲ့ အိမ်မက် ဆန္ဓ တွေကို … “မှန်း” ဆပြီးတော့ …
“ချက်ကောင်း” ကို ထိအောင် လုပ်ဖို့ ထား တာကို … ရည်မှန်းချက်ထား တယ် လို့ ခေါ်ပါတယ် ဆရာ …

Tr.James ။ ။ တော်လိုက်တာ … ဒါဆို … စိတ်ကူး အိပ်မက် ဆိုတာကကော … ဘာလဲ …

Khant Thuta ။ ။ အာရုံထဲမှာ ရှိတဲ့ “စိတ်” တွေ … “ကူး”လွင့်နေမိတိုင်း … “အိပ်” ပျော်သွားသည်ထိ …
တသသ … စွဲ “မက်”နေမိတဲ့ … အရာတွေကို … စိတ်ကူး အိပ်မက် လို့ … ခေါ်တယ် …

Tr.James ။ ။ ကဗျာဆန်ချက်ကွာ … ပန်းတိုင် ( Goal ) ဆိုတာကရော …

Khant Thuta ။ ။ ကျွန်တော်တို့ အဖွဲ့တွေ … သောက်ပြီးတိုင်း … သွားသွား “ပန်း” တဲ့ ဓာတ် ”တိုင်” …
အယ် … အယ် … ဖြစ်မြောက်အောင် … သွားရမယ့် … ဘ၀ဦးတည်ချက်ပါ ဆရာ .. ဟီး …

Tr.James ။ ။ ဗီဇတွေက … ပြလာပြီ … မောင်မင်းကြီးသားရေ …

အိုကေ … ဒီနေ့ … Ambition ( ရည်မှန်းချက် ) ကို ဖော်ပြရာမှာ … အသုံးပြုရမယ့် …
စာကြောင်း ဖွဲ့စည်းပုံလေးတွေကို လေ့ကျင့်ရပါမယ် …
“Sub + ( Want ) + to + be + Articles + adjective + Noun”

Tr.James ။ ။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် …
I want to be a successful teacher ပေါ့ …

ကျွန်တော်က … အောင်မြင်သော … ဆရာတယောက် ဖြစ်ချင်ပါတယ် ပေါ့ …
ဖြစ်ချင်တယ်ဆိုတော့ … ရည်မှန်းချက်ကို … ဖော်ကြူးတယ်လေ … နော် …

ကဲ … စာကြောင်းလေးတွေ ဖွဲ့ပြီး … ရည်မှန်းချက်လေးတွေ ပြောကြပါဦး …

Teresa ။ ။ I want to get a Korean boyfriend sooner or later , Sir !
( ကိုရီးယား ချစ်သူကောင်လေး အနှေးနဲ့အမြန် ရချင်ပါတယ် ဆရာ … )

မေယု ။ ။ My ambition is to get married and have kids , sir !
( သမီး ရည်မှန်းချက်ကြီးကတော့ … ယောကျာ်းယူ … ကရေး မွေးးး ပါချာ … )

Tr.James ။ ။ ငင့် … ရည်မှန်းချက် ကြီှးထှာ … မောင်ဂျွန် … မင်း ဖြေကြည့်စမ်း …

John Min ။ ။ ဆရာ … ကျွန်တော် ဖြေချင်တယ် ဆရာ …

Tr.James ။ ။ ဖြေချင်တာ ဖြေပါလားဟဲ့ … ဘယ်သူ … ကော်နဲ့ လာကပ်ထားလို့လဲ …

John Min ။ ။ I want to be a …….. ထိ ရတယ် ဆရာ … ဘာဖြစ်တယ်ဆိုတာ … အင်္ဂလိပ်လို ပြောဖို့…
ဘာပြောရမှန်း မသိဘူး ချာ …

Tr.James ။ ။ မသိရင် … I want to be a trishaw paddler လို့ … ပြောလိုက် …

John Min ။ ။ A trishaw paddler => ဆိုက်ကားသမားလေ … ချက်ချင်း ကြီးပွားနိုင်တယ် ကြားတယ် …

Barbie Cute ။ ။ မီးကတော့ … KBZ ပဲ သွားတော့မယ် …

Thi Thi ။ ။ သီသီ ရောပဲ … လာအီတဲ့ ကောင်လေးက … KBZ cleaner လောက်တောင် ၀င်ငွေမရှိ …
ပြန် မစဉ်းစားဘူးတွေးထားတာ … ခိခိ …

Tr.James ။ ။ အော် … ရည်မှန်းချက်တွေကလဲ … မိုးပျံနေပါတကား …

Mi Hsu ။ ။ Sir … Let me tell you about my ambition , sir !

Tr.James ။ ။ အိုကေ … ပြောကြည့် …

Mi Hsu ။ ။ First , I would like attend so mannnnny English classesss , sir … !

Tr.James ။ ။ သင်တန်းတွေ အများကြီးတက်မယ် … ဟုတ်ပြီ …

Mi Hsu ။ ။ And also , I want to get sooo mannny certificates for my future …

Tr.James ။ ။ အနာဂတ်အတွက် … လိုအပ်တဲ့ လက်မှတ် စာရွက်တွေ ယူမယ်ပေါ့ … ဟုတ်ပြီ …

Mi Hsu ။ ။ ပီးရင် … သမီး … အခန်းထဲ မှာ … ချိတ်မယ် …

Tr.James ။ ။ ဒါပေါ့ … ကိုယ် ကြိုးစားခဲ့တာတွေ ပြရမယ် … ပြီးတော့ရော …

Mi Hsu ။ ။ ပြီးရင် … ပြီးရင် …

…………………………………………….

……………………………………

…………………………..

………………………

……………..

…….



Selfie ရိုက်မယ်လေ … ပြီးရင် … ဖေ့ဘွတ်မှာ တင်မယ် …
Like တွေ အများကြီး ရမှာ ဆရာ ရဲ့ … ဟိဟိဟိ …

Tr.James ။ ။ ဖျားးးး….ဖျားးးး …. ရည်မှန်းချက်တွေ ထပ်မေးမိရင် … ငါ ရုးးလောက်တယ် …

Classssss Dimisssed !!!!!!!!!!!
That’s all for today !
==========================
ဟူးးးး …. ဆရာ ဖြစ်ရတာ … မလွယ်ပါလားနော် …
အင်္ဂလိပ်စာ သင်ရတာလဲ … ခက်လှပါတကိုးးး …

ဖြစ်ချင်တာကိုး …ဆရာ …
သင်ချင်တာကိုး … အင်္ဂလိပ်စာ …

သို့ပေမယ့်လဲပဲ …
ဝါသနာ နဲ့ … ဗီဇ အရ …
မရပ်တန့်နိုင်သေးတော့ …
နောက်နေ့ သင်ဖို့ … Lessonလေးတွေ ပြင်ဆင်လေဦးမယ် …

To be continued …

See ya Next Day !

ဝေဖန်သုံးသပ်ချက်လေးတွေ …
ရေးပေးသွားဦးနော် …

အင်္ဂလိပ်စာနဲ့ ဘ၀ဆန္ဓ ထပ်တူကျနိုင်ပါစေ …

Tr.James Keen

No comments:

Post a Comment