Mr.Keen နှင့် ချစ်သူရှာပုံတော် …
မိုးကြိုးတွေ ပစ်စလက်ခတ်ပစ် … ထစ်ချုန်းမိုးတွေ ရက်ရက်စက်စက် ရွာကျ နေတဲ့ နေ့လေးတနေ့မှာပေါ့ဗျာ …
ကျွန်တော်ရယ် … ကျောင်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်း စူးရှ ရယ် … အအေးဆိုင်မှာကော်ဖီပူပူကို … နှစ်ယောက်တခွက်သောက်ပြီး … ထွေရာလေးပါး စကားတွေပြောနေကြပါတယ် … ( တွက်ခြေမကိုက်လို့ပါ … ဟိဟိ )
စူးရှ - သယ်ရင်းရေ … ငါတို့တွေ အခုဆိုရင် … စာမေးပွဲဖြေပြီးလို့ မကြာခင်ဘွဲ့ရတော့မယ်နော် … မိဘအသိုက်အမြုံထဲကနေ … တနည်း မဟုတ်တနည်း ထွက်ခွာရပြီး … မကြာခင် ကိုယ့်လမ်းကိုလျှောက်ရတော့မယ် … င်္ဒီတော့ မင်းမှာ အနာဂတ်အတွက် … ရည်မှန်းချက်ကြီးကြီးများ ဘာတွေရှိမလဲကွာ … ရှိရင်မျှပါဦး …
Keen - အေး … ရှိတယ် သယ်ရင်း စူးရှ … ရည်မှန်းချက်အကြီးကြီးတခုတော့ထားထားတယ် … မင်းလဲစိတ်ဝင်စားမှာကွ …
စူးရှ - ဟုတ်လား … ဘာများလဲကွ … ကိုယ်ပိုင်စီးပွားရေးလုပ်မလို့လား … အင်္ဂလိပ်စာမေးပွဲတွေ ထပ်ဖြေမှာလား … နိုင်ငံခြားသွားမှာလား …
ဘာလဲ ?
Keen - မိန်းမယူမယ်လေကွာ … မကောင်းဘူးလား …
စူးရှ - ဟန် … ရည်းစားမပြောနဲ့ … မူးလို့ရှုစရာ… မင်းမှာ အိတ်ကပ်ထဲက … ရှုဆေးဘူးပဲရှိတာ … ဘယ်က အဆင့်တွေကျော်ပြီး … မိန်းမကောက်ယူမှာလဲကွ …
Keen - မင်းကလဲကွာ … ကိုယ့်သူငယ်ချင်းဆို … သိပ်အထင်သေးတာပဲ …
စူးရှ - အထင်သေးတာမဟုတ်ဘူးလေကွာ … မင်းကလဲ …
Keen- ဒါဆိုဘာလဲ …
စူးရှ - အထင်မကြီးတာ … ခွိခွိ …
Keen- တိန် … !
တော်တော့ … တော်တော့ … ဒီမှာ စကားကောင်းပြောနေတာ … ကိစ္စက ဒီလိုကွ … မနေ့တုန်းက … ငါ့ G talk Account ထဲကို … ထူးဆန်းတဲ့ … Account တခု လာ Add တယ် … Account နာမည်က … thagyarmin@gmail.com ( သိကြားမင်းဒေါ့ကွန်း ) တဲ့ကွ …
စူးရှ - ဟဟ … မဖြစ်နိုင်တာ … ငါတော့လုံးဝမယုံဘူး … ဆက်ပြော …
Keen- ဟင် … မယုံဘူးလဲပြောသေးတယ် … ဆက်ပြောတဲ့ … အေး … သူကပြောတယ် … သူက သိကြားမင်းတဲ့ … နတ်ပြည်က အသစ်ဖွင့်လိုက်တဲ့ … ဂျေဒိုးနတ်ဆိုင်ကနေ Chat နေတာတဲ့ …
စူးရှ - ဟဟဟ … အေး … ပြီးတော့ ဘာတွေဆက်ပြောသေးလဲ …
Keen- သူကပြောတယ် … “ လူလေးမောင်ကင်း … မင်းဟာ အင်တာနက် Website တွေထဲမှာ … တပါးသူအကျိုးရှိစေတဲ့ … အင်္ဂလိပ်စာ Post တွေကို … စဉ်ဆက်မပြတ် မျှဝေ သင်ကြားပေးတဲ့အတွက် … နတ်ပြည်သို့ အလည်ခေါ်ပါတယ်” တဲ့ … ပြီးတော့ … ဆူချတဲ့အနေနဲ့… လူ့ပြည်က … ချောမောလှပတဲ့ မိန်းမပျိုလေးတွေထဲက … တယောက်နဲ့ ပေးစားမယ်တဲ့ကွ …
စူးရှ - ဟုတ်လား … ငါတောင်စိတ်ဝင်စားလာပြီ … ဒါနဲ့ နတ်သမီးတွေနဲ့ကော … ပေးစားလို့မရဘူးလား …
Keen- အဲဒါတော့ မရဘူးကွ … ဘာလို့လဲဆိုတော့ … နတ်ပြည်မှာက … နတ်သားတယောက်ဆီကို … နတ်သမီး တဖက် လေးငါးရာထားတာလေကွာ … အဲဒါတော့ … အခု နတ်သမီးပြတ်လပ်မှု ရှိနေလို့ … ဒါလေးတော့ ချမ်းသာပေးပါတဲ့ …
စူးရှ - ဖစ်မှဖစ်ရလေလကွာ … ဟုတ်ပါပြီ … အဲဒါနဲ့ အဲဒီ့ကိစ္စကို မင်းက လက်ခံလိုက်တယ်ပေါ့လေ …
Keen- ဟာ … မင်းကလဲ … တဏှာရာဂ ကာမကိလေသာနဲ့ ပတ်သက်တဲ့ကိစ္စလေကွာ …
စူးရှ - အော် … သိပြီ … လုံးဝငြင်းလိုက်တယ်ပေါ့ …
Keen- ဟင့်အင်း… ချက်ချင်းကိုခေါင်းညိတ်လိုက်တာ … ဟိဟိ
စူးရှ - သေလိုက်ဟ !
ဤသိုဖြင့် … နတ်ပြည်ခြောက်ထပ်သို့ … တာဝတိသာမှတ်တိုင်ရှိ … ၆၈ နတ်အထူးဘတ်စ်ကားစီးကာ … အလည်ရောက်ခဲ့လေ၏ …
သိကြားမင်းကြီးသည် … ဤသို့ ဤသို့ ဦးစွာ နှုတ်ဆက်လေ၏ …
သိကြားမင်း - Yo … man … What’s up? Ah … Nice to meet you!
Keen – ဟဲ … သိကြားမင်းလဲ … Keen ရဲ့ အင်္ဂလိပ်စာ Post တွေတော်တော်ဖတ်တယ်ထင်တယ် …
သိကြားမင်း - အေးပေါ့ကွ … မင်း Post တွေဖတ်ပြီး … ငါလဲ အင်္ဂလိပ်စာ တော်တော်တတ်နေပြီ … နားထောင်ကြည့် …
“Hi … How are you? … Fine, Thanks … Me too! … Get out … Bye !”
စူးရှ - အယ် … ချက်ချင်းနှုတ်ဆက်ပြီး … ချက်ချင်းမောင်းထုတ်နေပါလားဟ …
သိကြားမင်း - မသိဘူး … ဒီကောင် Mr.Keen က အားအားနေစာသင်ရင် … Introduction ကနေ မတတ်တော့ …
ငါလဲ … ဒါပဲပြောတတ်နေတာပေါ့ …
Keen - ဟိုက် … သေဟ … !
သိကြားမင်း - ကဲ … ကဲ … လာရင်းကိစ္စပြောကြတာပေါ့ … ရော့ Keen … ဒါက … နတ်မှန်ဘီလူး … ဒါနဲ့ … လူ့ပြည်ကို အပေါ်စီးက ကြည့်ရင် …
မင်း ရှိသမျှ မိန်းကလေးတွေ အကုန်မြင်ရမယ် … ကြည့်ပြီး ကြိုက်တာပြော …
စူးရှ - နတ်မျက်စိ မဟုတ်ဘူးလား … သိကြားမင်းကြီး …
သိကြားမင်း - လျှာမရှည်နဲ့ … နတ်ပြည်လဲ … အမြဲ Up to Date ဖြစ်နေတာကွ …
Keen - ဟင် … ကောင်မလေးတွေက … အများကြီးပဲ … မရွေးတတ်တော့ဘူး … နတ်မင်းကြီးပဲ … ရွေးပေးတော့ဗျာ …
သိကြားမင်း - အရေးထဲ … အပျင်းက ထူနေသေးတယ် … ပြီးရော … ဟိုးနားကတယောက်ဆိုရင်ကော …
သူက တက္ကသိုလ်ကျောင်းပေါင်းစုံက … အချောဆုံးဆိုပြီးရွေးခံထားရတဲ့ Queen …
Keen - ဟာ … မကြိုက်ချင်ပါဘူး … ဒီလောက်ချောနေမှတော့ … သူ့ကို လိုက်ကြောင်မယ့် ကောင်တွေနဲ့ … ဖိုက်ရ …
ခြေရှုပ်မှာစိုးရတာနဲ့ … နောက်ဆုံး … အိမ်ထဲမှာ သော့ခတ်ထားရလိမ့်မယ် …
သိကြားမင်း - အမငီး … သူ့အတွက်ရင်လေးတယ် … နောက်တယောက် …
ဟော … တွေ့ပြီ … ဒီကောင်မလေးကော …သူကသိပ်မချောပေမယ့် … ချစ်စရာကောင်းတယ် …
Charming ဖြစ်တယ် … မျက်နှာက Sweet ဖြစ်တယ် … ဘယ်လိုလဲ …
Keen - သူ့ချစ်စရာကောင်းတဲ့မျက်နှာ … Sweet ဖြစ်တဲ့ အသံလေးနဲ့ … ကျွန်တော့ကို ခိုင်းစားနိုင်တယ် … ဟင့်အင်း …
သိကြားမင်း - ဟုတ်သားဟ … ဒါဆို … အခုလက်ရှိ Phd: ဘွဲ့ရထားတဲ့ ပညာတတ် စကောလာရှင် ငယ်ရွယ်လှပ ပါမောက္ခမလေးဆိုရင်ကော …
Keen - အာ … ဒါဆို … တယောက်နဲ့တယောက် … ပညာတွေပြိုင်ပြီး … ထကိုက် … အယ် … ထသတ်ကုန်လိမ့်မယ် …
သိကြားမင်း - ဟင်း … ဒါဆို … မင်းကို မောင်လေးလို သဘောထားမယ့် … မမ တယောက်ဆိုရင်ကော …
Keen - ကြီးတယ် … ကြိုက်ဘူး … ( အသက်ပြောတာနော် … )
သိကြားမင်း - ဒါဆို … မင်းကို ကိုကြီး ကိုကြီးဆိုပြီး … လိုက်ချွဲမယ့် … ခပ်ငယ်ငယ်ကောင်မလေးတယောက်ဆိုရင်ကော …
Keen - သူ့ကို လိုက်ထိန်းရ … လိုက်ပြောရ … လိုက်ချောရနဲ့ … ဟူး … မလွယ်ဘူး …
သိကြားမင်း - ဟင် … အဲဒါဆိုရင်တော့ … ကုန်ပြီကွာ … မောင်ကင်း … မင်းဌက်ပျောတုံးသာ ဖက်နေတော့ …
Keen - ဟာ … အဲလိုတော့ မလုပ်ပါနဲ့ …
လူ့ပြည်မှာမရှိရင် … ခြွင်းချက်အနေနဲ့ … နတ်ပြည်ကတယောက်နဲ့တော့ ပေးစားပါဗျာ … နော် …
သိကြားမင်း - အေးကွာ … ရွေးရွေး …
Keen - သိပ်မရွေူးတော့ပါဘူးဗျာ … အဆင်ပြေရာတယောက်ပဲရွေးလိုက်တော့မယ် …
ဟိုနားကတယောက်ကတော့ တဖက်လေးငါးရာ ထဲ မပါသေးဘူးထင်တယ် …
စူးရှ - ဘယ်မှာလဲ … ဘူလဲ … အယ် … ဘယ်သူလဲ …
သိကြားမင်း - ဟိုက် … အဲဒါ … ငါ့သမီးတော်ကွ … အော် … အားလုံးကို ငြင်းလာတာ … လက်စသတ်တော့ … မင်းက … ငါ့သမီး ကိုကြံမလို့ …
Keen - ဟဲဟဲ … အဲလိုဖြစ်သွားလားဟင် …
စူးရှ - ငါလဲထင်တော့ထင်သား … ဟားဟား …
Keen - ဘယ်လိုလဲ … ပေးစားမှာလားငင် …?
သိကြားမင်း - မပေးဘူး … နှစ်ကောင်စလုံးလူ့ပြည်ကိုပြန်တော့ … ခေါ်မိတာ ငါ့အမှား …
ဘတ်စ်ကားမစီးသွားနဲ့ … မြန်မြန်ရောက်အောင် … ဖနောင့်နဲ့ပေါက်ပေးမယ် … ကဲဟယ် …
အား !!!!!
ဤသို့ဖြင့် … စာမေးပွဲပြီးနံနက်ခင်း၌ စဉ်းစားမိသော … Mr.Keen ၏ ချစ်သူရှာပုံတော်ဖွင့်ခြင်း … ဤသို့ ဖာတ်လမ်းသတ်ကာ … တခန်းရပ်လိုက်လေ၏ …
မှတ်ချက် - Comment ချန်ထားပေးနော် …
No comments:
Post a Comment