ခေတ်သစ်အင်္ဂလိပ်စာ … ကမ္ဘာကိုလွှမ်းရမည် …
သူငယ်ချင်းရေ … အင်္ဂလိပ်စာတိုးတက်ဖို့အတွက် …
သင့်ရဲ့လက်ထဲမှာ … နှုတ်တိုက်အာဂုံဆောင်ပြီး ကျက်နေရတဲ့ အင်္ဂလိပ်စာအုပ်တွေများ ရှိနေပါသလား … ?
လွှင့်ပစ်လိုက်ပါ …
ခေတ်သစ်အင်္ဂလိပ်စာမှာ … နှုတ်တိုက်အာဂုံဆောင်ပြီးကျက်နေရတဲ့ ပုံစံတွေ မရှိတော့ပါဘူး …
ငါတို့တွေဟာ … Grammar တွေ … Idioms တွေ … Vocabulary တွေကို ဦးနှောက်နဲ့လေ့လာတယ် …
နှလုံးသားနဲ့ ခံစားတယ် … လက်တွေ့အသုံးချတယ် … ကြက်တူရွေးလိုတော့ … ကျက်မနေတော့ပါဘူး …
သူငယ်ချင်းရေ … အင်္ဂလိပ်စာကိုလေ့လာခြင်းဆိုတာ … တကယ်တော့ …
ဘာသာရပ်တခုကိုသင်ကြားခြင်း မဟုတ်ပါဘူး …
Creative Power တွေ နဲ့ အမြဲတမ်းဦးနှောက်ကို ကစားပေးရတဲ့ ဂိမ်းတခုပါ …
ဒီတော့ အင်္ဂလိပ်စာကိုလေ့လာနေရလို့ စိတ်ညစ်ရတယ်ဆိုတာမရှိပါဘူး … သူငယ်ချင်းရေ …
ဘယ်လောက်ပဲ … Modern English ရဲ့ ပညာရေးစနစ်က မြင့်မားနေပါစေ …
စိတ်ကူးစိတ်သန်းနဲ့ အတွေးအခေါ်တွေ မိုးပေါ်ပျံတက်နေပါစေ …
Modern English Learners တယောက်အတွက်ကတော့ စိတ်ပျက်သွားရမယ့်အချိန်ဆိုတာ မရှိပါဘူး …
ဘာလို့လဲဆိုတော့ … တကယ် အင်္ဂလိပ်စာကို ချစ်မြတ်နိုးသူဟာ … အင်္ဂလိပ်စာနဲ့ ထိတွေ့ရတိုင်း ပျော်နေတတ်လို့ပါ …
Phonetics Script ( ဝေါဟာရ အသံထွက် ) တွေကို စာအုပ်ထဲကအတိုင်း လိုက်ရွတ်နေမယ့်အစား …
အင်္ဂလိပ်သီချင်းတွေကိုပဲ အော်ဆိုပြီး … သူတို့ရဲ့လေယူလေသိမ်း , Native Tone တွေကို နှလုံးသားနဲ့လေ့လာလိုက်မယ် …
ကာရန်လိုက်ကဗျာတွေကို အပျော်တမ်းစပ်ရင်း … အင်္ဂလိပ်စာနဲ့ ထိတွေ့နေလိုက်မယ် …
မှားတာမှန်တာ နောက်မှပေါ့ … ဘာပဲဖြစ်ဖြစ် Essay တွေ … Articles တွေကို
နှလုံးသားက တဆင့် ဘာသာပြန်ရင်း …
လက်တန်းရေးလိုက်မယ် …
အင်္ဂလိပ်ဗီဒီယိုတွေကို … လိုက်ကြည့်ရင်း … သူတို့ပေးချင်တဲ့ Message ကို သိအောင် …
ကိုယ်စားဝင်ပြီး ခံစားကြည့်လိုက်မယ် …
ဒါ့ကြောင့် ငါတို့တွေအတွက်တော့ … အင်္ဂလိပ်စာကို လေ့လာနေရလို့ … ငြီးငွေ့တယ်ဆိုတဲ့ စာသားကို
ဘယ်တော့မှပြောမိမှာ မဟုတ်ဘူး …
ဒါကို Modern English ( ခေတ်သစ်အင်္ဂလိပ်စာ ) လို့ခေါ်ပါတယ် …
တကမ္ဘာလုံးက … ပညာရှင်တွေ အားလုံး လက်ခံထားကြတဲ့ Method ပေါ့ …
ဒီတော့ … ခေတ်သစ်အင်္ဂလိပ်စာနဲ့ အတူတကွနေထိုင်ကြည့်ပါ …
“Just Live with Modern English”
စစ်မှန်တဲ့အင်္ဂလိပ်စာ လေ့လာနည်းစနစ် ( Modern English Method ) ကို
ကမ္ဘာကတောင် လက်ခံထားကြရင် …
ဘာလို့ ငါတို့ရဲ့ အမိမြေက နိုင်ငံသူနိုင်ငံသားတွေက … လက်မခံနိုင်ကြရမှာလဲ … ?
ဘာကြောင့်ငါတို့တွေ ကိုယ်တိုင် … ခေတ်နဲ့ အညီ ရှေ့ပြေးလမ်းပြဖြစ်တဲ့ ခေတ်သစ်အင်္ဂလိပ်စာကို …
မလေ့လာဘဲ လျစ်လျုရှုထားကြမှာလဲ ?
အခုကစပြီး … ခေတ်သစ်အင်္ဂလိပ်စာနဲ့ … စတင်ထိတွေ့လိုက်ပါတော့ …
No comments:
Post a Comment